Tuesday, December 22, 2015

Blog လုပ်နည်း အပိုင်း ( ၃ )

Blog ရေးနည်း

Blog တို့သည် Website များကဲ့သို့ပင် ဖြစ်ပါသည်။ ဆိုရရင် Website များမှာကဲ့သို့ Blog တစ်ခုမှာလည်း အခြားမည်သည့် Blog တို့နှင့် မတူနိုင်တဲ့ ကိုယ်ပိုင်လိပ်စာ ( URL) တစ်ခုစီရှိကြပါတယ်။ Page တစ်ခုကနေ အခြား Page တစ်ခုကို ကူးပြောင်းကြည့်ရူနိုင်တဲ့ Hyperlink တွေပါရှိကြတယ်။ ဒါက အခြေခံ အကျဆုံး တူညီချက်တွေကို ပြောတာပါ။ သဘောတရားအားဖြင့် အနည်းငယ်ကွဲလွဲမှုလေးတွေတော့ ရှိပါတယ်။

အဓိကအားဖြင့် Website တို့တွင် ရေးသားဖော်ပြထားသော အကြောင်းအရာတို့နှင့် ပတ်သက်ပြီး ၀င်ရောက်ဖတ်ရူ့သူများအနေနှင့် ပါဝင်ဆွေးနွေးခွင့်မရှိပါဘူး။ ၀င်ရောက်ဖတ်ရူနိုင်ရုံသက်သက် ဖြစ်ပါတယ်။ သို့သော် Blog တွင် ပါဝင်ရေးသားချက်များပေါ်မှာ စိတ်ဝင်စားရင် ဖတ်ရူသူတို့ ကိုယ်တိုင် ဝေဖန်ဆွေးနွေး Comment ၀င်ရေးလို့ ရနိုင်ပါတယ်။ သိလိုသမျှကိုလည်း မေးမြန်းနိုင်ကြပါတယ်။





C-Box

C-Box ဆိုတာက Blog Page အတော်များများမှာ တွေ့ရလေ့ရှိတဲ့ စကားပြောခန်း (Chat room) လေးများပဲ ဖြစ်ပါတယ်။ အဲဒီ C-Box ထဲမှာ Post တွင်းပါ အကြောင်းအရာတို့နှင့် ပတ်သက်ပြီး လွယ်လွယ်ကူကူ ဆွေးနွေးမေးမြန်းနိုင်ကြသလို Blog ကိုလာရောက်လည်ပတ်သူတွေ အချင်းချင်းလည်း နှစ်သက်ရာ အကြောင်းအရာကို ခေါင်းစဉ်တင် ဆွေးနွေးနိုင်ကြသည်။

သဘောက Blog ပိုင်ရှင်နှင့် ၀င်ရောက်ဖတ်ရူသူတို့အလွယ်တကူ ထိတွေ့ ဆက်ဆံနိုင်တဲ့ နေရာလေးပင် ဖြစ်ပါတယ်။ မိမိရဲ့ Blog မှာလည်း C-Box ထားချင်ရင် အခကြေးငွေကုန်ကျမှုမရှိဘဲ ထည့်သွင်းထားနိုင်ပါတယ်။

Blog ထဲမှာ C-box ထည့်ခြင်းကို အောက်ဖော်ပြပါအတိုင်း ၃ပိုင်းခွဲ၍ ဖော်ပြသွားပါမယ်။

1) Create an C-Box Account
2) Configuring C-Box
3) Add to Blog

Create an C-Box Account

C-Box ထံမှ Account တစ်ခု၇ရှိရန် ထုံးစံအတိုင်း ပထမဦးစွာ Registration လုပ်ရမယ်။ ပြီးရင် Email မှတဆင့် Activative လုပ်ကြရပါမယ်။

1. www.Cbox.ws သို့သွားပါ။ ရောက်ပြီဆိုရင် Account သစ်တစ်ခုစဆောက်ရန် Signup တွင် Click နှိပ်လိုက်ပါ။

2. Username၊ Password အပါအ၀င် Email Address တို့ကိုဖြည့်ပြီး Register လုပ်ရပါမယ်။ ပြည့်စုံစွာ ဖြည့်စွက်ပြီးလျှင် Finish တွင် Click တစ်ချက်နှိပ်လိုက်ပါ။ ဒါဆိုရင် Registration လုပ်ခြင်း ပြီးဆုံးသွားပြိး မိမိထည့်သွင်းပေးခဲ့သော Email လိပ်စာတွင်းသို့ C-Box မှ Mail တစ်စောင်ပို့ထားပါလိမ့်မယ်။

3. C-Box တွင် Register လုပ်စဉ်အခါတုန်းက ပေးခဲ့သော Email အတွင်းသို့ Login ၀င်လိုက်ပါက C-Box မှပို့ထားသော Message အားတွေ့ရပါမယ်။ ၄င်း Mail Message အားဖွင့်ဖတ်လိုက်ပါ။

4. ပွင့်လာသော Mail Message ထဲတွင် www.cbox.ws သို့ဝင်ရောက်တဲ့အခါ အသုံးပြုနိုင်မည့် Username နှင့် Password တို့ကို တွေ့ရပါမယ်။ လိုအပ်ပါက ကူးယူမှတ်ထားလိုက်ပါ။ ထို့နောက် အပြာ ရောင် Activation Link ပေါ်တွင် Click တစ်ချက်နှိပ်လိုက်ပါ။ သီးခြား Window တစ်ခုပွင့်လာပြီး www.cbox.ws သို့ ပြန်ရောက်သွားပါမယ်။

5. Activation လုပ်ရန်အတွက် Username နှင့် Password ကိုဖြည့်ပြီး Login ၀င်ရပါမယ်။ (Username က ဖြည့်ပြီးသားဖြစ်ပါလိမ့်မယ်)။ Password ဖြည့်ပြီး Login တွင် click နှိပ်လိုက်ပါ။ ဒါဆိုရင် www.cbox.ws သို့ Login ၀င်ရောက်သွားပြီး Activaiton လုပ်ခြင်းပြီးဆုံးပြီဖြစ်ပါတယ်။


Configuring you C-Box

C-box တွင် Login ၀င်ရောက်ခဲ့ပြီးပြီဆိုရင် လိုအပ်သလို Setting အချို့ကို ပြင်ဆင်နိုင်ကြပါပြီ။ အထူးသဖြင့် C-Box အရွယ်အစား၊ စာလုံးအရောင် အစရှိသဖြင့်ပေါ့။ စိတ်တိုင်းကျပြီဆိုမှ နာရီတွေ၊ ပြက္ခဒိန်တွေထည်သလိုပင် HTML Code များအား Copy ကူးယူပြီး မိမိ Blog ထဲသွားထည့်ကြရပါမယ်။

1. C-Box အတွင်းဝင်ရောက်ပြိးပြီဆိုလျှင် မိမိရောက်ရှိနေသော နေရာသည် Admin အောက်မှာ My Account ဆိုတဲ့ နေရာဖြစ်ပါတယ်။ (Page ၏ ဘယ်ဘက် Quick Setup၊ Option အစရှိသည်တို့ထဲမှ My Account သည် High Light ဖြစ်နေပါမည်)။ C-Box Options တွင် Click နှိပ်လိုက်ပါ။

2. Options ထဲတွင် C-Box ရဲ့ အရွယ်အစားကို လိုသလို မြင်နိုင်ပါတယ်။ မှုလ အရွယ်အစားက 160*380 px ဖြစ်ပါတယ်။

3. အကယ်၍များ 200*400 px လို့များ ပြောင်းလိုက်ရင် C-Box သည် ဘေးဘက်ပိုကျယ်လာမယ်။ အပေါ်အောက် ရှည်လာမယ်ပေါ့။ တစ်ခုခုပြင်ခဲ့တယ်ဆိုရင် အရေးကြီးတာက Save တွင် Click နှိပ်ရပါမယ်။

မှတ်ချက်။ ။ စာလုံးအရောင်အရွယ်အစားတွေကို ပြောင်းလိုလျှင် Colours & Fonts တွင် Click နှိပ်သွားရောက်ပြီး လိုသလိုပြင်ဆင်နိုင်ပါတယ်။ နောက်တခါ Smiles ထဲမှာဆိုရင် Keyboard ကနေဘယ်သေင်္ကတတွေတွဲရိုက်ပါက C-Box ထဲမှာ ဘယ်လိုပုံ (Gesture) လေးတွေပေါ်မယ်ဆိုတာ မျိုးသွားရောက်လေ့လာ ထားနိုင်ကြပါတယ်။

C-Box အတွင်းရေးသားထားသော Message များအား ဖျက်ထုတ်ခြင်း၊ ဘယ်သူတွေကိုတော့ ၀င်ရောက် ရေးသားခွင့် မပြုဆိုတာမျိုးတွေ ကန့်သတ်လိုပါက Message Blocked user တို့ထဲမှာ လုပ်ဆောင် နိုင်ကြပါတယ်။ ယခုအဆင့်တင် မလိုအပ်သေးပါ။

4. စိတ်တိုင်းကျပြင်ဆင်ခဲ့ပြီးပြီဆိုရင် မိမိ Blog တွင် ထည့်သွင်းရန်အတွက် HTML Code များကို Copy ကူးယူရပါမယ်။ Quick setup တွင် Click နှိပ်လိုက်ပါ။ မိမိရဲ့ C-Box အတွက် HTML Code များမြင်ကြရ ပါမယ်။

5. “Copy to Clipboard” တွင် Click နှိပ်လိုက်ပါက ၄င်း Code များအားလုံးကို Copy ကူးယူပြီးသွားပါပြိ။ တစ်နေရာတွင် Paste (Ctrl+v) လုပ်နိုင်ပြီဖြစ်ကြောင်း ဖော်ပြသော Message ပါသည့် Box ကျလာပါမည်။ OK တွင် နှိပ်ပြိး ပိတ်လိုက်ပါ။


Add to Blog

C-Box အတွက် HTML Code တွေ Copy ကူးခဲ့ပြိးလျှင် ရှေ့က နာရီ၊ ပြက္ခဒိန်တို့ ထည့်သလိုပင် Blog Page Element တစ်ခုအဖြစ် Paste လုပ်ပြီးထည့်ကြရုံ ဖြစ်ပါတယ်။

HTML Java Script နေရာရှိ Add to Blog တွင် Click နှိပ်လိုက်ပါ။ Configure Window ပွင့်လာပါမည်။ Title နေရာတွင် ပေးလိုသော အမည်ထည့်ပါ။ ဥပမာ-မှာချင်တာလေးတွေရှိရင်မှာခဲ့ပါ။

Content ထဲတွင် Cursor ချပြီး (Ctrl+V) တွဲနှိပ်ပါ (သို့) Content နေရာထဲတွင် ညာဘက် Click နှိပ်ပြီး Paste လုပ်လိုက်ပါ။ ကူးလာတဲ့ HTML Code များ ဒီနေရာတွင် ပေါ်လာမည်။

Save Changes တွင် Click နှိပ်ပြီး Save လုပ်လိုက်ပါ။ View Blog တွင် Click နှိပ်ကြည့်ပါက Blog စာမျက်နှာတွင် C-Box ကို မြင်ကြရပါမယ်။ ဒါဆိုရင် Blog တွင်းသို့ (C-Box) လို့ခေါ်တဲ့ စကားပြောခန်း (Chat Room) လေးတစ်ခု ထည့်သွင်းပြီးသွားပါပြီ။


Manage Page Element

မိမိရဲ့ Blog မှာ ထည့်သွင်းထားသည့် Page Element တွေထဲက ဘယ်ဟာတွေကိုတော့ အပေါ်ကထားမယ်။ ဘယ် Element တွေကိုတော့ အောက်မှာထားမယ် အစရှိသဖြင့် လိုသလို နေရာချ လို့ရပါတယ်။

“ဥပမာ-ကဗျာရေးလေ့ရှိပါသလား” လို့ အမည်ပေးထားသည့် “Poll Element” ကို အပေါ်ဆုံးမှာ ထားလိုတယ်ဆိုပါစို့။ Mouse Pointer ကို ထို Poll Element ပေါ်ရွှေ့လိုက်ပါ။ Cursor သည် Drag ဆိုတဲ့ ဖိဆွဲလို့ရတဲ့ မြှားပုံလေးထောင့်လေး ပြောင်းသွားပါမည်။

အဲဒီအချိန်မှာ Mouse ဖြင့် Drag ဆွဲပြီး လိုသည့်နေရာရောက်လျှင် လွှတ်လိုက်ပါ။ ဒါဆိုရင် ၄င်း Element သည် အပေါ်သို့ ရောက်သွားပါမည်။ စိတ်တိုင်းကျ ရွှေ့ပြီးးလျှင် Save တွင် Click နှိပ်ရန်မမေ့ပါနှင့်။


Edit (or) Delete Page Element

မိမိထည့်သွင်းထားခဲ့သည့် Page Element တွေထဲက အချို့ကို ပြန်လည်ပြင်ဆင်ခြင်းသို့တည်းမဟုတ် မလိုအပ်တော့၍ ဖျက်ထုတ်ခြင်းများကို လိုအပ်သလို လုပ်ဆောင်နိုင်ကြပါတယ်။ ပြန်လည် ပြင်ဆင်တည်းဖြတ်လိုသော Page Element ၏ Edit ပေါ်တွင် Click တစ်ချက်နှိပ်လိုက်ပါ။ Configure Window ပြန်ပွင့်လာပါလိမ့်မယ်။ ပြင်ဆင်လိုသည့် စာသားမျာကို ပြင်ဆင်နိုင်ပါပြီ။ အကယ်၍ များလုံးဝဖျက်ထုတ်လိုပါက Remove Page Element တွင် နှိပ်ပြီး ဖျက်ထုတ်နိုင်ကြပါတယ်။


Edit Header


Header ဆိုတာဟာ Blog title နှင့် Description အဖြစ်ထည့်သွင်းထားသော စာသားများရှိရာ နေရာ ဖြစ်သည်။ Header ရှိ Edit တွင် Click နှိပ်လိုက်ပါ။ Configuration Window ပွင့်လာပါမည်။

၎င်း Window ထဲတွင် Blog title နှင့် Description တို့ကို တွေ့ရပါမယ်။ ပြင်လိုက ပြင်နိုင်ပါတယ်။ ဒီနေရာမှာ Header ကို ထူးခြားအောင် လုပ်လို့ရတာက နောက်ခံနေရာမှာ မိမိနှစ်သက်ရာ ပုံကို ပြောင်း ထည့်ထားနိုင်ခြင်းဖြစ်ပါတယ်။

Browse တွင် Click နှိပ်ပြီး Header နောက်ခံထားလိုသည့် ပုံဖိုင်လ်ကို ရွေးပေးပါ။ စိတ်တိုင်းကျပြီဆိုရင် Save Changes တွင် Click နှိပ်ပြီး သိမ်းဆည်းလိုက်ပါ။

ဒါဆိုရင် Blog ကို ပြန်ကြည့်ပါက Header နေရာမှာ ရှေ့ကလို နောက်ခံပလိတ် မဟုတ်တော့ပဲ မိမိရွေးချယ်ထည့်သွင်းခဲ့တဲ့ ပုံနောက်ခံ ဖြစ်သွားပါလိမ့်မယ်။


Blogger ဖြင့် Blog ရေးရန်ဘာတွေလိုမလဲ


ပုံမှန်အားဖြင့် Blog ရေးချင်တဲ့ Website မှာ Register အရင်လုပ်ရတယ်။ ပြီးမှစရေးလို့ရတယ်။ ဆိုရရင် Multiply မှာရေးချင်ရင် www.multiply.com ကို သွား၊ ထုံးစံအတိုင်း Email လိပ်စာပေးပြီး Registe လုပ်၊ ပြီးရင် စရေးလို့ရပြီ Blogger မှာလည်း ယေဘုယျအားဖြင့် ထိုနည်းအတိုင်းပါပဲ။


သို့သော် မိမိမှာ Gmail Account တစ်ခုရှိရမယ်ဆိုရင်တော့ Blogger မှာ Register လုပ်စရာမလိုပဲ တန်းရေးလို့ရတယ်။ သဘောက Blogger သည် Google ကပေးတဲ့ Service Gmail သည်လည်း Google ကပေးတဲ့ Service ဖြစ်သည့်အတွက် Gmail Account ရှိသူတိုင်းကို Google မှာ Register လုပ်ပြီးသားလို့ ယူဆပါသည်။ သည်အတွက်ထပ်မံ၍ Register လုပ်ရန်မလိုပါ။ www.blogger.com သို့သွားပြီး ၀င်ရောက်ရေါ်သားကြရုံ ဖြစ်ပါတယ်။


နောက်တစ်ခုလိုအပ်ချက်ကတော့ Font ဖြစ်ပါတယ်။ Blog ကို မြန်မာလိုရေးချင်သူတွေအနေနှင့် မိမိသုံးသည့် စက်ထဲမှာ မြန်မာယူနီကုဒ် တစ်ခုခုကို ထည့်သွင်း Install လုပ်ထားဖို့လိုပါတယ်။ သို့မှသာ Blog ကို မြန်မာလိုရေးသား ဖတ်နိုင်ကြမှာ ဖြစ်ပါတယ်။ ယနေ့ Blog တွေကို မြန်မာလို ရေးတဲ့နေရာမှာ အသုံးအများဆုံး မြန်မာ Unicode Font က Zaw Gyi ပါလို့ ပြောလို့ရပါတယ်။ သူ့ကို အခကြေးငွေပေးစရာ မလိုပဲ Free Download ရယူအသုံးပြုနိုင်ခြင်း၊ Install လုပ်ရလွယ်ကူခြင်း၊ “Ctrl+Shift” Key တွဲလေး နှိပ်ရုံဖြင့် မြန်မာနှင့် အင်္ဂလိပ်ကို အလွယ်တကူကူးပြောင်း စာစီနိုင်ခြင်းများ အပါအ၀င် အခြားအားသာချက်များစွာရှိပါသည်။ သည့်အတွက် မြန်မာလိုများ စိတ်ကူးရှိရင် ဇော်ဂျီးကို စမ်းသုံးကြည့်ပါလို့ အကြံပေးလိုက်ပါရစေ။



Zaw Gyi Unicode Installer ကို http://www.Alpha.com .mm/blogday/index.html မှာသွားရောက် Download ရယူနိုင်ပါတယ်။



Download Now တွင် ဆွဲယူခဲ့သေသာ Installer File ပေါ်တွင် Double Click နှိပ်ဖွင့်ပြီး ပေါ်လာသော  ညွှန့်ကြားချက်များအတိုင်း လိုက်လုပ်ပါ။ Install လုပ်သွားလိုက်ပါ။



Install ပြီးသွားရင် Task bar ပေးတွင် Language bar ပေါ်လာပါမည်။ ၄င်း Language bar ထဲတွင် English ဟုပေါ်နေချိန်တွင် စာရိုက်မည်ဆိုပါက အင်္ဂလိပ်လိုစာစီစာရိုက်ခြင်း ဖြစ်ပါတယ်။



မြန်မာလိုရိုက်လိုလျှင် Keyboard မှ “Ctrl+Shift” ကို တွဲနှိပ်လိုက်ပါ။ ဒါဆိုရင် Language tools ထဲမှာAlpha Zaw Gyi ဟု ပြောင်းသွားပါမည်။ ယခုချိန် စာရိုက်မည်ဆိုပါက မြန်မာလို စာရိုက်ခြင်း ဖြစ်ပါတယ်။

ဤနည်းဖြင့် “Ctrl+Shift” တွဲနှိပ်၍ မြန်မာမှ အင်္ဂလိပ်မှ မြန်မာ အပြန်အလှန် ပြောင်းလဲ စာစီနိုင်ကြပါတယ်။


Anatomy of a Blog(Blog တို့၏ အစိတ်အပိုင်းများ)

Blog title and Description

Blog title ဆိုတာက စာအုပ်အမည်တို့နှင့် သဘောတရားချင်း ဆင်တူတယ်။ စာအုပ်နာမည်ကို ကြည့်ခြင်းအားဖြင့် ဒီစာအုပ်သည် တက်ကျမ်းလား၊ ဟာသလား၊ ဘ၀သရုပ်ဖော်လား ဆိုတာကို အလွယ်တကူ ခွဲခြားသိနိုင်ကြပါတယ်။ ဒီအတိုင်းပါဘဲ Blog title နှင့် Description ကို ကြည့်ခြင်းအားဖြင့် သတင်းအဖြစ်အပျက်တွေကို ဦးစားပေးတဲ့ Blog လား၊ ရသစာတမ်းတွေကို ဦးစားပေးတဲ့ Blog လားဆိုတာကို ၀င်ရောက်ဖတ်ရူသူများအား သိစေနိုင်ရန်ဖြစ်ပါတယ်။

Post


Blog ရဲ့ အသက်သည် Post များဖြစ်ပါတယ်။ Blog ထဲမှာ အကြောင်းအရာတစ်ခုခုကို ရေးပြီးတင်သမျှကို Post လို့ ဖော်ပြပါတယ်။ သဘောက အကြာင်းအရာတစ်ခုခုကို ရေးတင်တိုင်း Blog ထဲမှာ Post တစ်ခုတိုးပါတယ်။ Blog တစ်ခုမှာ Post အရောအတွက် ဘယ်လောက်ပဲ ရှိရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ မရှိပါဘူး။ ရေးတင်တဲ့ အကြိမ်များရင်များနိုင်သလောက် Post အရေအတွက်များပါလမ့်မယ်။

Comments


Blog ဖတ်သူတွေအနေနှင့် Post တွင်ပါ အကြောင်းအရာနှင့် ပတ်သတ်ပြီး ဝေဖန် ဆွေးနွေးခြင်း၊ သိလိုသမျှ ထပ်ဆင့်မေးမြန်းခြင်းများကို ဒီနေရာကနေတဆင့်သွားပြီး ၀င်ရောက်ရေးသားနိုင်ကြပါတယ်။ အချို့ Blog တွေမှာ Annonymous User အနေနှင့် မည်သူမဆို ၀င်ရောက်ရေးသားနိုင်ကြပေမယ့် အချို့မှာတော့ Register လုပ်ပြီးမှ ၀င်ရောက် ရေးသားခွင့် ရှိပါတယ်။


Page Elements


Page Element တွေဆိုတာက Webpage တို့ရဲ့ အဆင်တန်ဆာများပဲ ဖြစ်ပါတယ်။ ၄င်းတို့ကို ညီညွှတ်မျှတအောင် ပေါင်းစပ်ထည့်သွင်းခြင်းအားဖြင့် မိမိ Blog စာမျက်နှာမှာ ပိုမိုနှစ်သက်ဖွယ် ဖြစ်စေပါလိမ့်မယ်။ စာမျက်နှာတွင်ကြည့်ပါ။

Online Blogging Tools


အင်တာနက်ပေါ်မှာ Online blogging tools လို့ခေါ်တဲ့ Blog ၀င်ရောက်ရေးသားနိုင်သော Website   တွေများစွာရှိပါတယ်။ အနည်းငယ် ထုတ်နှုတ်ပြရရင် Blogger၊ Blog City၊ Word press၊ Yahoo 360၊ MSN space၊ Six apart၊ Expression engine၊ Love journal၊ Type pad တို့အစရှိသဖြင့်ပေါ့။ အဲဒီအထဲကမှ Tools ကတော့ ပိုကောင်းပါတယ် ဆိုတာမျိုးပြောဖို့ရန် ခက်ခဲပါတယ်။


ဘာဖြစ်လို့လဲဆိုတော့ Tools တော်တော်များများသည် Blog တစ်ခုဖန်တီးဖို့ရန် အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ Post တင်ခြင်း၊ ဓာတ်ပုံဗီဒီယိ၊ သီချင်းခွေတွေကို တင်ခြင်း၊ မိမိ Blog ၏ ဒီဇိုင်းကို နှစ်သက်သလို ရွေးချယ်နိုင်ခြင်း၊ Comment ရေးခြင်း၊ အစရှိသည့် လုပ်ငန်းစဉ်များကို အလွယ်တကူ လုပ်ဆောင်နိုင်စေပါတယ်။ တနည်းဆိုရရင် အခြေခံလိုအပ်ချက်တွေကို အလွယ်တကူ အသုံးးပြုနိုင်အောင် တည်ဆောက်ထားကြပါတယ်။


ဒီတင်ပြချက်ကတော့ Online tools တစ်ခုဖြစ်တဲ့ Google ၏ Blogger ဖြင့် Blog ရေးပုံများကို ဖော်ပြသွားခြင်းဖြစ်ပါတယ်။ Blogger ကို ရွေးချယ်ရခြင်းက အင်တာနက်ပေါ်မှ လူသုံးအများဆုံး Online tools တစ်ခု ဖြစ်ခြင်းကလည်းတစ်ကြောင်း အပါအ၀င်ဖြစ်ပါတယ်။ ဒါ့အပြင် Google မှပေးသော Service တစ်ခုဖြစ်သည့် အတွက် Google ၏ ဟန်ပန်အတိုင်းပင် အမြင်ရိုးရှင်းပြီး အသုံးပြုရလွယ်ကူ စေခြင်း အခမဲ့ အသုံးပြုနိုင်ခြင်း၊ ယနေ့ခေတ်ပေါ် Browser(IE Mozilla) တို့နှင့် ကောင်းစွာ အလုပ်လုပ် နိုင်ခြင်း အစရှိသော အားသာချက်များကြောင့်လည်း ရွေးချယ်တင်ပြလိုက်ရခြင်ဖြစ်ပါတယ်။

ယခုဖော်ပြခဲ့တဲ့ Blog ရေးသားပုံ အဆင့်ဆင့်တို့ကို လိုက်ပါလုပ်ဆောင်နိုင်ကြပြီဆိုရင်တော့ ကိုယ်ပိုင် Blog ကောင်းကောင်းလေးတစ်ခု ဖန်တီးတည်ဆောက်နိုင်ကြပါပြီဖြစ်ပါလိမ့်မယ်။ သို့သော် Blog ဖန်တီးရေးသားမှု နယ်ပယ်သည် ကျယ်ပြန့်သည် အလျောက် ယခုလောက်သိခဲ့ကြပြီရုံဖြင့် ပြည့်စုံလုံလောက်ပြီလို့ မဆိုနိုင်သေးပါဘူး။ ဒါတွေက အရေးကြီးတဲ့ အခြေခံလိုအပ်ချက်တွေသာ ဖြစ်ပါ တယ်။

အရေးကြီးတာက ဒီအခြေခံအချက်တွေကို ကျွမ်းကျင်ခဲ့မှသာလျှင် ရှေ့တဆင့် တက်လှမ်းလေ့လာလို့ရမယ်။ အခြားသူတို့၏ Blog များ ဖန်တီးရေးသားပုံတွေကို နမှုနာလေ့လာနိုင်ကြ မယ်ဆိုတာကိုတော့ သဘောပေါက်ထားဖို့လိုပါလိမ့်မယ်။

1 comment:

Related Posts Plugin for WordPress, Blogger...